.

.

.

January 13, 2009

ဒီမိုကရေစီကို ရန်လုပ်.. သနားစဖွယ် ရုရှားမှ Komin ရဲ့  အတွင်းသရုပ်

တင်ပြသူ - တရုတ်မ (MAI)

စာဖတ်ပရိသတ်များခင်ဗျား

ကျွန်တော့် ဘာလောဂ်ရဲ့  Cbox ကို ဒီမိုကရေစီ ကျကျ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ပြုထားပါတယ်။ အကျိုးအကြောင်း အဆင့်အတန်းရှိစွာ တင်ပြဆွေးနွေးနိုင်သလို မှန်ကန်ပါကလည်း အထိုက်အလျောက် လက်ခံပါတယ်။ ဒါပေမဲ့ အကြောင်းမဲ့ တိုက်ခိုက် ရေးသားချက်တွေဟာ မမှန်ကန်လို့ အကျိုးအကြောင်းနဲ့တကွ ပင်တိုင် ဆောင်းပါးရှင် တပ်မတော်အရာရှိ တစ်ဦးက သူ့အပတ်စဉ်က ခေါ်တဲ့ Nickname နံမည် တရုတ်မ ကလောင်အမည်နဲ့ ယခုလို တင်ပြလာပါတယ်။


ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  ဆောင်းပါးကို ဖတ်ပြီး မှန်နေလို့ “မှန်တာ ပြောတော့ နာတယ်” ဆိုသလိုပေါ့။ Komin တို့ “ရမ်း” တော့တာဘဲ။ အနာပေါ် ဒုတ် ကျတယ်ဆိုတာ ဒါမျိုးလေ။ တပ်ထဲက ထွက်လာတဲ့ အရာရှိတွေဟာ မင်း ပြောသလို Character နဲ့ ထွက်လာတာ ဖြစ်ကြစတမ်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒုဗိုလ်မှူးကြီး အေးမြင့်တို့ရဲ့  အကျင့်စာရိတ္တက စံပြကင်းရှင်းခဲ့တာမို့ သူတို့ကို စော်ကားသလို ဖြစ်နေပြီ။ မင်း ပြောသလိုဆိုရင် တပ်ထဲ ရှိနေတဲ့ သူတွေက အကျင့်စာရိတ္တ ကင်းရှင်းတယ်လို့ ဆိုလိုတာလား? မင်း အဖေ ဗိုလ်သန်းရွှေရဲ့  သမီး စိန်စီသော ၀က်မ မင်္ဂလာဆောင် အခွေက စိန်တွေကို မင်း ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ မောင်ရွှေမန်း၊ မောင်အောင်သောင်း၊ မောင်ရဲမြင့်တို့ရဲ့  အဂတိလိုက်စားလို့ အပုတ်နံ့တွေ ထွက်နေတာကို မင်း ဘယ်လို “ဖုံး” ထားမလဲ။ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အထိ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ မင်း အဖေတွေကို မင်း ဘယ်လို ကာကွယ်ပြောမလဲ။မင်းအဖေ ကစထမှူးဟောင်း မောင်ကျော်ဝင်း ဖွန်ကြောင် နှာထ နေတာကိုရော ကောင်းလိုက်တဲ့ အကျင့်ဆိုပြီးတော့ မင်းကရုရှားမှာ လိုက်လုပ်ဦး မလို့လား။ မင်းအဖေ သန်းရွှေရဲ့  တပည့်အရင်း ယခင် ကကလှမ်းက မောင်ကျော်ဝင်းရဲ့  မယားငယ် ထားတဲ့နည်းကိုရော အတုယူချင်သေးလား။

မင်းက BC နံပါတ် တောင်းရအောင် မင်းရဲ့  BC နံပါတ်ကတော့ စစ်တပ်မှာ တန်းစီလိုက်ရင် ဟိုး အဝေးကြီး မြောင်းထဲမှာဘဲ ရှိတယ်ဆိုတာ သိရဲ့ လား? ရှေ့ တန်း တိုက်ပွဲ ဘယ်နှစ်ပွဲလောက် မင်း ကြုံခဲ့ဖူးသလဲ? စစ်သား စစ်စစ်ကော ဖြစ်နေပြီလား? ဒီမေးခွန်းတွေကို မင်း ဖြေလိုက်ရင် တပ်မတော်သားတွေက မင်းကို “ဟား” တိုက် ရယ်မောကြလိမ့်မယ်။

မင်းက DSA ကျောင်းဆင်း ပြီးပြီးချင်း တပ်မတော်သားတွေ ကြုံတွေ့ခံစားခဲ့တဲ့ ဒုက္ခတွေကို မသိလိုက်ရဘဲနဲ့ ရုရှားကို ရောက်လာလို့ စစ်အာဏာရှင်တွေရဲ့  အရိုးအရင်း ကိုက်ရတဲ့ သဘောနဲ့ ကျေးဇူးရှင် သဖွယ် မျက်စိမှိတ် ကာကွယ်နေတာကိုး၊ တကယ်တမ်းတော့ အခွင့်အရေး မျှော်ကိုးပြီး မင်းက တပ်ထဲ ၀င်တယ်ဆိုတာ သူများတွေ သိကုန်ပြီကွာ။

မင်း သိထားဖို့က ၉၀ ရွေးကောက်ပွဲ ရလဒ်မှာ တပ်မတော်သား အများစုဟာ ဒီမိုကရေစီကို လိုလားကြောင်း ဆန္ဒပြု ခဲ့ကြတာ မင်း မမွေးသေးလို့လား? မွေးရင်တောင် နို့နံ့ မစင်သေးလို့လား? အခုရော နို့နံ့ စင်ရဲ့ လား? ကလေး အတွေးနဲ့ ကယောင်ကတမ်း မင်းက အဆင့်အတန်းမရှိဘဲ ထွီ..ထွမ် လုပ်နေတာ ရယ်စရာတောင် ကောင်းနေတယ်။

Komin ပေးထားတဲ့ စိန်တွေလားလို့

ဗိုလ်ထက်မင်း ရေးတဲ့ တပ်မတော်သား အစစ်အမှန်များ ဆောင်းပါး အပိုင်း(၁) နဲ့ အပိုင်း(၂) ကို မင်း ဖတ်ကြည့်ပါ။ ငါတို့ ဒီဘာလောဂ်မှာ ရေးသားနေတဲ့ တပ်မတော်သား အစစ်အမှန်တွေဟာ Character နဲ့ ထွက်လာတဲ့သူ တစ်ယောက်မှ မပါဘူးလို့ သိရတယ်။

တပ်မတော်သားတွေ ပကတိ ဖြစ်ရပ်မှန်ကို လေ့လာဖို့ လိုအပ်နေသေးတယ်။ တပ်ထဲမှာ ရှိနေတဲ့ တပ်မတော်သား အများစုဟာ အကြောက်တရားနဲ့ နေရတာမို့ မပြောဝံ့တဲ့ အခြေအနေကြောင့် မပြောသာတဲ့ အနေအထားမှာ ပြင်ပကို ရောက်လာတဲ့ တပ်မတော်သားတွေက သူတို့ကိုယ်စား ဖော်ထုတ် ပြောကြား ပေးနေတယ်ဆိုတာ မင်း သဘောပေါက် နားလည်ဖို့ လိုတယ်။ သူတို့ရဲ့  တင်ပြချက်တွေဟာ ပြည်တွင်းက တပ်မတော်သားတွေရဲ့  ရင်တွင်းဖြစ် ပေါက်ကွဲမှု အစစ်အမှန် ဖြစ်တယ်ဆိုတာ အချိန်က အဆုံးဖြတ် ပေးမယ်။

တော်ကြာ ရုရှားက မင်း ပြန်ခါနီး ဒီမိုကရေစီ ရသွားခဲ့ရင် မပြန်ရဲတော့တဲ့ သနားစရာ ဘ၀မျိုး ရောက်နေဦးမယ်။ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း အကြမ်းမဖက်ချင်လို့ မင်းတို့ အသက်ရှင်နေတာပါ။ မင်း ပြောသလို ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ တမွန်းတည့်တောင် မခံဘူး လုပ်ထည့်လိုက်မယ်ဆိုရင် မင်းတို့လည်း တမနက်တောင် မခံဘူး၊ မင်းနဲ့ မင်း အဖေတွေကို လုပ်ထည့်လိုက်လို့ ရတယ်။

မင်းပြောတဲ့ နွားအိုတွေ ဆိုတာ ဒီဘာလောဂ်မှာ ရေးနေတဲ့ သူတွေ မဟုတ်ဘူး။ အခုလက်ရှိ သန်းရွှေတို့၊ အောင်သောင်းတို့ကမှ နွားအိုတွေ အစစ်ဘဲ။ Character Case နဲ့ အရေးယူရရင် ဒီကောင်တွေ တစ်ယောက်မှ ပြေး မလွတ်ဘူး။ အစဉ်အဆက်ကို ပြန်ကြည့်လိုက်.. Character Case နဲ့ ဖြုတ်၊ ထုတ်၊ ချ ခဲ့ရတာ မင်း အဖေတွေချည်းဘဲ။ သူများ မျက်ချေး မြင်ပြီး ကိုယ့် မျက်ချေး ကိုယ် မမြင်လို့ မင်းကို ငါ သိပ် သနားတယ်။ မင်းလို IQ နိမ့်တဲ့ ကောင်တွေကြောင့် ပြည်သူနှင့် တပ်မတော်ကို အာဏာရှင်တွေက ခွဲခြားထားတာပေါ့။ ဒေါသ မကြီးဘဲ အမှန်တရားကို မြင်အောင်ကြည့်၊ ညဘက်ကျရင် မဟုတ်တာ မလုပ်နဲ့၊ မင်းရဲ့  အပြန်လမ်း ကောင်းမွန်အောင် တရားမှတ်ပါလို့ ရဲဘော်ရဲဘက် စိတ်နဲ့ သွန်သင် ရေးသား တင်ပြလိုက်ပါတယ်။

“တပ်ပြင်ထွက်သွားတဲ့ သူတွေကမှ တကယ်အမှန်ကို ပြောပြနိုင်တာ” လို့ Cbox မှာ ရေးသားသွားခဲ့တဲ့ ရုရှားမှ KK ရဲ့  စာကိုလည်း ဖတ်ရလို့ အမှားအမှန် ခွဲခြားမြင်တတ်တဲ့ ရုရှားမှ KK ကို ရဲဘော်ရဲဘက်စိတ်နဲ့ ချီးကျူး ဂုဏ်ပြုကြောင်း ကျွန်တော် တရုတ်မက နိဂုံးချုပ် အမှာစကား ပါးအပ်ပါတယ် ခင်ဗျား။

12 comments:

Unknown said...

တပ်မတော်က ထုတ်ခံရတဲ့လူတွေက နံပတ် (၁) ကျန်းမာရေး မကောင်းတဲ့ သူတွေ၊ နံပတ်(၂) အရည် အချင်း မမှီတဲ့ သူတွေ၊(၃) အကျင့် စာရိတ္တမကောင်းတဲ့သူတွေပဲ ရှိတယ် ဟေ့ကောင်။ မင်းတို့ ကောင်တွေ အကုန်လုံး အကျင့် စာရိတ္တမောင်းလို့ ထုတ်ခံထားရတာ ရုရှက ကောင်တွေ အကုန်လုံး သိတယ် ၊ မင်းတို့လို ကို့ ကို ပညာတွေ သင်ပေးခဲ့တဲ့ အဖွဲ့ အစည်းကိုမှ သစ္စာဖောက်တဲ့ ကောင်တွေ ၊ ဆိပ်လစိ လ်ု ဟိုဘက်ကပ်လိုက်၊ ဒီဘက် ကပ်လိုက်နဲ့ောက်တွေ၊ အောင်လင်းထွဋ်လို ကောင်မျိုးတွေ စစ်တပ်က ဘယ်သူပဲ တက်တက် မင်းတို့ ကောင်တွေကိုတော့ ကြိတ်မဲ့ ကောင်ချည်းပဲ ဟေ့ကောင်။ မင်းတို့ လို ငမြောက် အခြောက် မပြောနဲ့ကွာ၊ NLD က ဦးအောင်ေ၇ွှလို ဦးတင်ဦးလို လူမျိုးတောင် တပ် သမိုင်းမှာ နံမည်ဆိုးနဲ့ ကျန်နေပြီ၊ ကို့ တပ်ကို သစ္စာ မဖောက်နဲ့၊ အတင်းမပြောနဲ့၊ စေတနာနဲ့ ဝေဖန်တာနဲ့ ဆူပူအောင် လှုံဆော်တာ လူတိုင်း သိတယ် ။

minn-din said...

ဦးအောင်ေ၇ွှလို ဦးတင်ဦးလို လူမျိုးတောင် တပ် သမိုင်းမှာ နံမည်ဆိုးနဲ့ ကျန်နေပြီ...????

Ha Ha Ha , WRONG!! that is YOUR opinion.......All of the old officers/soldiers "LOVE U TIN OO like their own father".
He will always be the HERO of Tatmadaw soldiers.

Bo Ne Win and Than Shwe exploit the lives of young soldiers but U Tin Oo never did.

Oo Kar Kyi said...

ကျွန်တော် ကြည့်နေတာကြာပြီ ဘာမှ အတွေ့အကြုံမရှိတဲ့ သူတွေပဲ ဦးအောင်ရွှေ ဦးအောင်ကြီး ဦးတင်ဦး တကယ့် ဖိုက်တာတွေနော် ဒါပေမယ့် သူတို့က အခု ဘာလုပ်နေရလဲ ဒီမိုကရေစီကိုပဲ ရှေးရှုနေတာ။
သူတို့နဲ့ သက်တူရွယ်တူ အရည်အချင်းတန်းတူတွေက အာဏာရှင် ဖြစ်နေတယ်။ဒါပေမယ့် သူတို့ လုပ်ပိုင်ခွင့်ဘာရှိလဲ ။ ဘာမှ မရှိဘူး၊ ရပိုင်ခွင့်လဲ ဘာမှ မရှိဘူး။ မကျေနပ်တာလဲ မရှိဘူး။ နည်းမှန် လမ်းမှန်နဲ့ ဘောင်ထဲကနေ မကျေနပ်ကြောင်း လမ်းမှားနေကြောင်း ပညာရှင် ပီသစွာ ဗျုဟာ ပိုင်နိုင်စွာ ဆန္ဒပြတယ်။ ထုတ်ပြန်ချက်တွေ ရေးတယ်။ ကဲ ဘယ်လောက် လူဆန်လိုက်လဲ။ ဒါတွေကို အတုယူပါ။ တပ်မတော်ကလဲ ဒီလိုရေးနေတာ သိတာပဲ။ သိမှာပဲ။ ထုတ်ပြန်ချက်တွေကိုလဲ သိမှာပဲ ။ ဒါပေမယ့် ဘာတွေ တုန့်ပြန်လဲ။ ဘာမှ မတုန့်ပြန်ဘူး။ ကိုယ့်အလုပ်ကို လုပ်နေကြတာ။ ကြားထဲက ပေါက်ကွဲသံစဉ်လေးတွေကို ဒီမှာ ခံစားလို့ရတယ်။ တစ်ခုပဲ ပြောမယ် ငါ့ကောင် မကျေနပ်လို့ပဲ ဖြစ်ဖြစ် ကျေနပ်လို့ပဲ ဖြစ်ဖြစ် ကြေကွဲလို့ ရတယ် ပေါက်ကွဲရင်းတော့ ကိုယ့်ပေါင်ကို ဇောက်ထိုးထားပြီး အထောင်းခံရတာပဲ။ ဟား ဟား ဟား ထောင်ထဲမှာ အနှစ်နှစ်ဆယ် ချထားတဲ့ အဖိုးဦးဝင်းတင်ကို ဘာကြောင့်လွှတ်ပေးလိုက်သလဲ စဉ်းစား။ ကျန်တဲ့ လူတွေကို ဘာလို့ အထဲထည့်ထားသလဲ စဉ်းစား။ ရှင်းရှင်းပဲ ပြောလိုက်မယ် ။ တစ်ခေါင်းနဲ့ မရရင် နှစ်ခေါင်းသုံးခေါင်း ပေါင်းမိရင် မအောင်မြင်တာရှားတယ်။ ထပ်သတိပေးလိုက်မယ် လုပ်ပါ ။ အဖော်လေးတော့ ခေါ်လိုက်။

Anonymous said...

ကျွန်တော်တို့ငယ်ငယ်က "ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်" လို့ခေါ်ကြတာ တပ်မတော်သားကိုများပါ။ အခုလည်း ခေါ်ပါရစေ။
အဲဒီအချိန်တုံးက ဗမာ့တပ်မတော်ကြီးဟာ ဘယ်ဗိုလ်ချုပ်ကြီးရဲ့တပ်လို့ လူတွေကမမြင်ခဲ့ကြဘဲ၊ တိုင်းပြည်ကို ရိုးရိုးသားသား၊ အသက်စွန့် အကာအကွယ်ပေးနေခဲ့ကြပြီး၊ အရောင်ဆိုတာ အဆိုးမခံခဲ့ကြပါ။
နောက်တော့ Olive green အရောင်ကို အပြာနုရောင်ဆိုးတာကတခါ၊ နောက် Saffron အရောင်ကို သွေးရောင်ဖြစ်အောင် လုပ်လိုက်ပြန်တယ်။

နဂိုအတိုင်း Olive green ဆိုရင် အပျိုလည်း ကြိုက်၊ အအိုလည်း ခိုက် ဖြစ်လာကြမှာပါ။ မမိုက်ပါနဲ့တော့။ သားမိုက်ကို မိဘတိုင်းက ခွင့်လွတ်နိုင်ကြပါတယ်။

Unknown said...

ခြံခုန်ကူးတဲ့ နွားတွေပါကွာ၊ တပ်က စာရိတ္တ မကောင်းလို့ ထုတ်ပတ်လိုက်တော့ တပ်ကို စိတ်နာနေတဲ့ကောင်တွေ ဟားဟား၊နီုင်ငံရေးလောက၊ စီးပွားရေး လောက၊ စစ်ရေး လောကတွေမှာ ခြံခုန်ကူးတဲ့ ကောင်တွေ ဘယ်လို ဇာတ်သိမ်းလဲ သိလား၊

ကိုသူထွန်းအောင် said...
This comment has been removed by the author.
Unknown said...

ကျေးညီနောင် နှစ်ဦးပမာ ရှုမြင်ကြလော့..

ခိုးသား လက်ထဲ ရောက်သည့် ကျေးပီပီ Komin ဆိုသူမှာ ယုတ်ရင့် ကြမ်းတမ်း လွဲမှားတဲ့ အယူဝါဒနဲ့ ပြောဆိုသော်လည်း ရသေ့ လက်ထဲရောက်သည့် ကျေးပမာ KK ဆိုသူက ကြိုဆိုလက်ခံ ယဉ်ကျေးစွာ တုန့်ပြန်၍ စာဖတ်သူအပေါင်းနှိုင်းယှဉ်ကြည့်ကြပါကုန်။

Unknown said...

မင်းက စာအုပ်ကြီး လိုလို ဥပဒေသ ကျွမ်းသလိုလို ၀င်ပြောနေတော့ ပွဲကြည့်နေတာ အကောင်းမှတ်လို့ ငါ ညောင်နှစ်ပင်စောင့်နတ် မနေသာလို့ ၀င်ပြောရပြီ။ မင်း ပြောတဲ့ တပ်က ထုတ်ခံရတဲ့ နံပါတ် (၃) ချက် စလုံးက ဒီမို လိုလားတဲ့ တပ်က အရာရှိတွေနဲ့ အကျုံးမ၀င်ဘူး။ မင်း သိထားဖို့က ဗိုလ်ကြီး စိုင်းဝင်းကျော် ပြည်သူ့ဘက် ရပ်တည်လို့၊ ဗိုလ်မှူးချုပ် ဇော်ထွန်းက ဗိုလ်သန်းရွှေရဲ့  ကိန်းဂဏာန်းတွေ လိမ်ညာခိုင်းတာကို နိုင်ငံ့အတွက် အမှန်အတိုင်း ပြန်ပြောမိလို့၊ ဒုဗိုလ်မှူးကြီး အေးမြင့်၊ ဗိုလ်ထက်မင်းနဲ့ ဗိုလ်ထက်ပိုင်တို့က တပ်ရဲ့  အမြင်ကပ် ပုဒ်မ (၆၅) အရ မင်းတို့ အဖေ အာဏာရှင်တွေ နိုင်ထက်စီးနင်း လုပ်ခံရလို့ မခံချင်တာကြောင့် တပ်က ထွက်သွားကြတာတွေ၊ အဲဒီ ဖြစ်စဉ်တွေက မင်းပြောတဲ့ (၃) ချက်စလုံးနဲ့ လုံးဝ မသက်ဆိုင်ဘူးနော်။ မင်း ကိုယ်တိုင်ရော ပုဒ်မ (၆၅) ဟာ စစ်အာဏာရှင်တွေရဲ့  အပြစ်မရှိသူကို အရေးယူနိုင်အောင် လုပ်ထားတဲ့ ပုဒ်မဆိုတာ နားလည်ရဲ့  လား မောင်မင်း။ မောင်မင်း ရုရှားမှာ မဟုတ်တရုတ် လုပ်နေတာရှိရင် ဒီပုဒ်မ (၆၅) နဲ့ အရေးယူလို့ ရတယ် ဆိုတာ သတိရနော်။

မင်းပြောတဲ့ နံပါတ် (၁) ကျန်းမာရေး မကောင်းတဲ့သူဆိုတာ မင်း အဖေ သန်းရွှေမှ အစစ်၊ တုန်နေပြီကွ၊ ထုတ်ပစ်လိုက်။

နံပါတ် (၂) အရည်အချင်း မမှီတဲ့သူ ဆိုတာက ဦးနှောက်မရှိဘဲ နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်တဲ့ မင်းအဖေတွေ အားလုံးမို့ ထုတ်ပစ်လိုက်။

နံပါတ် (၃) အကျင့်စာရိတ္တမကောင်းတဲ့သူဆိုတာ မင်းသိတဲ့ အတိုင်း တရုတ်မ ပြောပြီးသား မင်း အဖေတွေမှ အစစ် ထုတ်ပစ်လိုက်။

ညောင်နှစ်ပင်စောင့်နတ်

Unknown said...

ဗိုလ်မှူးကျော်ကျော်ခိုင်၊ အနော်ရထာ၊ ဗိုလ်အောင်မြင် တို့က စစ်အာဏာရှင် စနစ်ကို စိတ်ကုန်လို့ နည်းလမ်းရှာပြီး စစ်တပ်က ရအောင် ထွက်ခဲ့တာ။ မင်း ပြောတဲ့ (၃) ချက်နဲ့ လုံးဝ မဆိုင်။

ညောင်နှစ်ပင်စောင့်နတ်

Unknown said...
This comment has been removed by a blog administrator.
charmingny said...

Ko Min,

Please answer this question.

Do you really respect U Than Shwe?

charmingny said...

Ko Min,

Please answer this question.

Do you really respect U Than Shwe?